ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ပြည်သူ့စစ်မှတောင်ကြီးမြို့နယ် ကောင်းမှုစဉ်ကျေးရွာရှိ ပအိုဝ်းအမျိုးသမီးငယ်နှစ်ဦးအား ရက်စက်စွာ သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း အပေါ် PNA/ PNO မှတာဝန်ယူ၊ တာဝန်ခံရန်နှင့် ကျုးလွန်ခံရသူများအတွက် အရေးတကြီးတရားမျှတမှု ဖော်ဆောင်ပေးရန် ပူးပေါင်း ထုတ်ပြန်ချက်
ရက်စွဲ – ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့။
ပအိုဝ်းအမျိုးသမီးသမဂ္ဂ တည်ထောင်ခြင်း (၂၇)နှစ်ပြည့် အထိမ်းအမှတ်သို့ ပေးပို့သော သဝဏ်လွှာ
ရက်စွဲ – ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်။ ၁။ ယနေ့ နိုဝင်ဘာလ (၅)ရက်နေ့တွင် ပအိုဝ်းအမျိုးသမီးသမဂ္ဂ တည်ထောင်ခြင်း (၂၇)နှစ်ပြည့်ခဲ့ပြီး ဖြစ်သည့်အတွက် ပအိုဝ်းအမျိုးသမီးသမဂ္ဂကို ဦးဆောင်မှုပြုခဲ့ကြသည့် ပအိုဝ်းအမျိုးသမီး ခေါင်းဆောင်များနှင့် သမဂ္ဂအဖွဲ့ဝင်များအားလုံးကို ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့မှ လေးစားဂုဏ်ပြုသောအားဖြင့် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။ ၂။ ပအိုဝ်းအမျိုးသမီးသမဂ္ဂမှ ပအိုဝ်းအမျိုးသမီးများ၏ အခွင့်အရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ တန်းတူညီမျှမှု ရရှိရေးအပြင် ပအိုဝ်းအမျိုးသားရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအရေးတို့ကို အစဥ်တစိုက် ကြိုးပမ်းအားထုတ်မှုအပေါ် လေးစားဂုဏ်ယူရပါသည်။ ပအိုဝ်းအမျိုးသမီးသမဂ္ဂ၏ ကြိုးပမ်းလုပ်ဆောင်ချက်များမှ ပအိုဝ်းအမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းမှတဆင့် ပအိုဝ်းအမျိုးသမီးများ နိုင်ငံရေးဦးဆောင်မှုနှင့် ဆုံးဖြတ်ချက် ချမှတ်မှုကဏ္ဍများတွင် ပိုမိုပါဝင်လာနိုင်စေရေးနှင့် အမျိုးသမီးခေါင်းဆောင်များ ပေါ်ထွန်းလာစေရေးသည် ငြိမ်းချမ်းသော လူ့ဘောင်အသိုင်းအဝန်း ဖော်ဆောင်ရာတွင် အရေးပါသော လှုပ်ရှားဆောင်ရွက်မှုပင်ဖြစ်သည်။ ၃။ ပအိုဝ်းအမျိုးသမီးများသည် […]