လူငယ်ခေါင်းဆောင်မှုနှင့် နိုင်ငံရေးစွမ်းဆောင်ရည်မြှင့် သင်တန်းကျောင်း 

တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့မှ ဇန်နဝါရီလ ၂၀၂၅ မှ ဇွန်လ ၂၀၂၅ ထိ (၆)လတာ Youth Leadership and Political Intensive Program ကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်တွင် ပြုလုပ်လျှက်ရှိပါသည်။ 

YLPI အပတ်စဉ် (၁) သင်တန်းကျောင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မတူကွဲပြားသည့် သင်တန်းသားလူငယ် (၈) ဦးဖြင့် သင်ကြားပေးလျှက်ရှိသည်။ 

သင်တန်းကျောင်းအစီအစဉ်တွင် သင်ကြားရေးကာလ ၂ ပိုင်း နှင့် လက်တွေ့ကွင်းဆင်းရေးကာလ ဟူ၍ အပိုင်း ၃ပိုင်းဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး အဓိက ဘာသာရပ်များဖြစ်သော ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်အခြေခံ၊ လူမျိုးစုများ၏သမိုင်းကြောင်း၊ လူနည်းစုအခွင့်အရေး၊ ဂျန်ဒါလေ့လာမှု၊ တက်ကြွလှုပ်ရှားနိုင်ငံသား၊ လူမှုသိပ္ပံဘာသာ၊ ပဋိပက္ခနှင့် ငြိမ်းချမ်းရေး၊ ခေါင်းဆောင်မှုနှင့် စည်းရုံးလှုံ့ဆော်မှု စွမ်းရည်များအပြင် ကွန်ပျူတာ၊ အင်္ဂလိပ်နှင့် ထိုင်းဘာသာစကားပြောများကိုလည်း ထည့်သွင်းသင်ကြားပေးလျှက်ရှိသည်။ 

Share

Facebook Comments