လူငယ်ခေါင်းဆောင်မှုနှင့် နိုင်ငံရေးသင်တန်းကျောင်း အပတ်စဉ်(၂) သင်တန်းသားများခေါ်ယူခြင်း။

Youth Leadership & Political Intensive သင်တန်းကျောင်း အပတ်စဉ်(၂)အတွက် သင်တန်းသားများကို ခေါ်ယူလျက်ရှိပါသည်။ သင်တန်းကို စိတ်ဝင်စားပါက ၂၀၂၅ နိုဝင်ဘာလ ၁၃ ရက်နေ့၊ ကြာသပတေးနေ့ ည ၁၂း၀၀ နာရီ နောက်ဆုံးထား၍ လျှောက်လွှာများကို ပေးပို့လျှောက်ထားနိုင်ပါသည်။ သင်တန်းနှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို ဖော်ပြထားသော QR code များကို scan ၍ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

DEMO မှ လူငယ်ခေါင်းဆောင်များအတွက် TOT for Civic Education သင်တန်းပြုလုပ်

တိုင်းရင်းသားလူမျိုးစုများဒီမိုကရေစီအဖွဲ့ (DEMO)မှ ဦးဆောင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒီမိုကရေစီစနစ်အားကောင်းလာစေရန်နှင့် တက်ကြွသောဒေသခံလူငယ်ခေါင်းဆောင်များမွေးထုတ်ပြီး ဆင့်ပွားသင်တန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြုလုပ်နိုင်ရန် TOT for Civic Education သင်တန်းပြုကို ၂၀ ရက်၊ ဒီဇင်ဘာ ၂၀၁၇ မှ ၂၀ ရက်၊ ဇန်နဝါရီ ၂၀၁၈ အထိ ရက် (၃၀) သင်တန်းကို ပြုလုပ်လျှက်ရှိသည်။ ဤသင်တန်းတွင် – နိုင်ငံသားတိုင်း သိသင့်သိအပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် နိုင်ငံရေးအသိပညာများ – မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲရေးဖြစ်စဉ်များ – ခေါင်းဆောင်မှုစွမ်းရည် (Leadership Skill)၊ ပံ့ပိုးကူညီပေးခြင်း စွမ်းရည် (Facilitation Skill)၊ တင်ပြခြင်း စွမ်းရည် (Presentation Skill) များကို ဆွေးနွေးသင်ကြားပေးသည့် သင်တန်းဖြစ်ပြီး DEMO […]