Democracy for Ethnic Minorities Organization

DEMO မှ လူငယ်ခေါင်းဆောင်များအတွက် TOT for Civic Education သင်တန်းပြုလုပ်

တိုင်းရင်းသားလူမျိုးစုများဒီမိုကရေစီအဖွဲ့ (DEMO)မှ ဦးဆောင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒီမိုကရေစီစနစ်အားကောင်းလာစေရန်နှင့် တက်ကြွသောဒေသခံလူငယ်ခေါင်းဆောင်များမွေးထုတ်ပြီး ဆင့်ပွားသင်တန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြုလုပ်နိုင်ရန် TOT for Civic Education သင်တန်းပြုကို ၂၀ ရက်၊ ဒီဇင်ဘာ ၂၀၁၇ မှ ၂၀ ရက်၊ ဇန်နဝါရီ ၂၀၁၈ အထိ ရက် (၃၀) သင်တန်းကို ပြုလုပ်လျှက်ရှိသည်။ ဤသင်တန်းတွင်

– နိုင်ငံသားတိုင်း သိသင့်သိအပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် နိုင်ငံရေးအသိပညာများ

– မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲရေးဖြစ်စဉ်များ

– ခေါင်းဆောင်မှုစွမ်းရည် (Leadership Skill)၊ ပံ့ပိုးကူညီပေးခြင်း စွမ်းရည် (Facilitation Skill)၊ တင်ပြခြင်း စွမ်းရည် (Presentation Skill) များကို ဆွေးနွေးသင်ကြားပေးသည့် သင်တန်းဖြစ်ပြီး DEMO ၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော ကျွန်တစ်ထောင်မြေဖောင်ဒေးရှင်းမှ ဒါရိုက်တာနန်းဝါနု၊ တောင်ကြီးလူငယ်စင်တာမှ ဆရာခွန်ေခတ်စံ နှင့် ဆရာဦးစောရေမွန်တို့မှ ပါဝင်အားဖြည့်ဆွေးနွေးသင်ကြားပေးလျှက်ရှိသည်။

Facebook Comments

by

Tags:

USAMyanmar