Democracy for Ethnic Minorities Organization

ငြိမ်းချမ်းရေးနှင့် လူမှုပေါင်းစည်းညီညွတ်ခြင်း လူငယ်စခန်းသွင်းသင်တန်း

ဒီမိုအဖွဲ့သည် ငြိမ်းချမ်းရေးနှင့် လူမှုပေါင်းစည်းညီညွတ်ခြင်း လူငယ်စခန်းသွင်းသင်တန်းကို ရက်ပေါင်း(၄၅)ရက်ကြာ ပြုလုပ်လျက်ရှိပါသည်။ ထိုသင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးစုများမှ လူငယ်(၂၉)ဦး တက်ရောက်လျက်ရှိပါသည်။ စခန်းသွင်းသင်တန်းကို တက်ရောက်လာကြသော ဒေသအသီးသီးမှ တိုင်းရင်းသားလူမျိုးစု လူငယ်များနှင့် ဒီမိုအဖွဲ့မှဝန်ထမ်းများသည် (၁၈.၁၂.၂၀၁၉)ရက်နေ့တွင် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့)ကို သွားရောက်လေ့လာခဲ့ကြသည်။ လေ့လာခွင့်ရသည့်အတွက် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်အတွင်း ဝန်ထမ်းများအားလုံးကို ဒီမိုအဖွဲ့မှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
Facebook Comments

by

Tags:

USAMyanmar