Democracy for Ethnic Minorities Organization

Community Leadership and Social Justice သင်တန်း

Community Leadership and Social Justice သင်တန်းရက်(၄၀)ပြီးတာနဲ့ မနားမနေ ရွာဆင်းပြီး သင်တန်းသားတွေနဲ့အတူ သင်တန်းတွေပေးခဲ့ကြပါတယ်။ သင်တန်းသားတွေလည်း သင်ကြားထားတဲ့ပညာတွေ ရရှိထားတဲ့အတွေ့အကြုံတွေကို တစ်ကယ်လက်တွေ့အသုံးချခဲ့တယ်။ လိုအပ်ချက်တွေတော့အများကြီးရှိနေပါသေးတယ် သို့သော်လည်း ဆက်ပြီးလုပ်ဖို့ပဲလိုပါတယ်။ ကျနော်တို့တွေ သင်ယူလေ့လာမှုကိုမရပ်တန့်သွားပဲ ဆက်ပြီးသင်ယူမယ် လက်တွေ့အသုံးချမယ် ပြန်လည်မျှဝေမှုတွေလုပ်ဆောင်နေကြပါတယ်။

ဒီနေ့မှလဲ လွယ်အွန်ရွာက လူငယ်(၃၃)ယောက်ကို ခေါင်းဆောင်မှုစွမ်းရည်၊ ဒီမိုကရေစီတို့ကို ဆွေးနွေးသင်ကြားပေးခဲ့ကြပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ဂိမ်းလေးတွေလည်းဆော့ကြပါတယ် အပြန်အလှန်ရင်းနှီးမှုတွေ ယုံကြည့်မှုတွေရခဲ့ကြပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ စီစဉ်ပေးသူတွေအားလုံး ကျေးဇူးအထူးတင်ပါတယ်။

@ လွယ်အွန်ရွာ၊ ဟိုပုံးမြို့# DEMO19.8.2019 to 21.8.2019

Facebook Comments

by

Tags:

USAMyanmar