Democracy for Ethnic Minorities Organization

ရှမ်းတောင်လူငယ်များအတွက် Summer Youth Camp (Batch 2) သင်တန်းသားများ ဖိတ်ခေါ်ခြင်း

    ရှမ်းပြည်နယ်တောင်ပိုင်း ဒေသတွင်းရှိ လူငယ်များအသိပညာ၊ ဗဟုသုတများ တိုးပွားလာစေရန်နှင့် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အမျိုးသားရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့ နှင့် TOT သင်တန်းပြီးမြောက်ထားသော သင်တန်းသူ/သား (၁၀) တို့မှဦးဆောင်ပြီး Hsi Hseng Youth Camp တစ်လတာ သင်တန်း ဒုတိယအကြိမ်ကို ဆီဆိုင်မြို့နယ်၊ ပါလောကယ်ကျေးရွာအုပ်စု၊  ဆိုက်ခေါဝ်စံပြကျေးရွာတွင် လာမည့် ၁၅ ရက်၊ မတ်လ၊ ၂၀၁၈ မှ ၁၂ ရက်၊ ဧပြီလ၊ ၂၀၁၈ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်သည်။ ဤသင်တန်းတွင် ဟိုပုံး၊ ပင်လောင်း၊ ညောင်ရွှေ၊ ရပ်စောက်၊ လွိုင်လင် နှင့် မောက်မယ်မြို့နယ်ရှိ လူငယ်စုစုပေါင်း (၄၀) ဦးဖြင့်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယခုပြုလုပ်မည့် Youth Camp ကို တက်ရောက်လိုပါက ၂၈ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၈ မှ ၁၂ ရက်၊ မတ်လ၊ ၂၀၁၈ ရက်နေ့အတွင်း အောက်ပါဆက်သွယ်ရမည့် ပုဂ္ဂိုလ်များထံ အမည်စာရင်းများပေးသွင်းနိုင်ပါကြောင်း လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
ဖွင့်လှစ်မည့် တစ်လတာ Youth Camp သင်တန်းတွင်တွင် ဆွေးနွေးသင်ကြားပေးမည့် ဘာသာရပ်များမှာ-
(၁) ပအိုဝ်းစာ
(၂) အင်္ဂလိပ်ဘာသာစကား
(၃) အခြေခံ ကွန်ပျူတာနှင့်
(၄) ပြည်သူ့နီတိဘာသာ စသည်တို့ဖြစ်ပါသည်။

အစီအစဉ်
သင်တန်းကာလ။ ။(၁၅.၃.၂၀၁၈)ရက်နေ့မှ (၁၂.၄.၂၀၁၈)ရက်နေ့ထိ။
သင်တန်းနေရာ ။ ။ ဆိုက်ခေါဝ်စံပြကျေးရွာ၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆီဆိုင်မြို့နယ်။
မှတ်ချက်။ ။ (၁၂.၃.၂၀၁၈) ရက်နေ့တွင် နောက်ဆုံးထား၍  အမည်စာရင်းများပေးသွင်းရမည်ဖြစ်သည်။ တက်ရောက်မည့် သင်တန်းသူ/သားများအတွက် စာရေးကိရိယာများ၊ ခရီးစရိတ်များ၊ စားသောက်စရိတ်များနှင့် နေထိုင်မှုများအတွက် သင်တန်းမှအခမဲ့ စီစဉ်ပေးမည်ဖြစ်သည်။

ဆက်သွယ်ရန်ပုဂ္ဂိုလ်နှင့် ဖုန်းနံပါတ် 
ခွန်ဇော်  - 09428349507                                      ခွန်ဗိုလ်ကျော် - 09400512747
နန်းနုနွယ် - 09453866348
Facebook Comments

by

Tags:

USAMyanmar