Democracy for Ethnic Minorities Organization

ရှမ်းတောင်လူငယ်များအတွက် Summer Youth Camp (Batch 1) သင်တန်းသားများ ဖိတ်ခေါ်ခြင်း

    ရှမ်းပြည်နယ်တောင်ပိုင်း ဒေသတွင်းရှိ လူငယ်များအသိပညာ၊ ဗဟုသုတများ တိုးပွားလာစေရန်နှင့် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အမျိုးသားရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့ နှင့် TOT သင်တန်းပြီးမြောက်ထားသော သင်တန်းသူ/သား (၁၀) တို့မှဦးဆောင်ပြီး Hsi Hseng Youth Camp တစ်လတာ သင်တန်း ပထမအကြိမ်ကို ဆီဆိုင်မြို့နယ်၊ ပါလောကယ်ကျေးရွာအုပ်စု၊  ဆိုက်ခေါဝ်စံပြကျေးရွာတွင် လာမည့် ၅ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၈ မှ ၆ ရက်၊ မတ်လ၊ ၂၀၁၈ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်သည်။ ဤသင်တန်းတွင် ဆီဆိုင်မြို့နယ်၊ မောက်မယ်မြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်ရှိ လူငယ်စုစုပေါင်း (၄၀) ဦးဖြင့်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယခုပြုလုပ်မည့် Youth Camp ကို တက်ရောက်လိုပါက ၂၆ ရက်၊ ဇန်နဝါရီလ၊ ၂၀၁၈ မှ ၂ ရက်၊ ဖော်ဖော်ဝါရီလ၊ ၂၀၁၈ ရက်နေ့အတွင်း အောက်ပါဆက်သွယ်ရမည့် ပုဂ္ဂိုလ်များထံ အမည်စာရင်းများပေးသွင်းနိုင်ပါကြောင်း လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
ဖွင့်လှစ်မည့် တစ်လတာ Youth Camp သင်တန်းတွင်တွင် ဆွေးနွေးသင်ကြားပေးမည့် ဘာသာရပ်များမှာ-
(၁) ပအိုဝ်းစာ
(၂) အင်္ဂလိပ်ဘာသာစကား
(၃) အခြေခံ ကွန်ပျူတာနှင့်
(၄) ပြည်သူ့နီတိဘာသာ စသည့်တို့ဖြစ်ပါသည်။

အစီအစဉ်
သင်တန်းကာလ ။ ။ (၅.၂.၂၀၁၈)ရက်နေ့မှ (၆.၃.၂၀၁၈)ရက်နေ့ထိ
သင်တန်းနေရာ ။ ။ ဆိုက်ခေါဝ်စံပြကျေးရွာ၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆီဆိုင်မြို့နယ်
မှတ်ချက်။ ။ (၂.၂.၂၀၁၈) ရက်နေ့တွင် နောက်ဆုံးထား၍ အမည်စာရင်းများပေးသွင်းရမည်ဖြစ်သည်။ ပအိုဝ်းအမျိုးသားနေ့ ပွဲကာလအတွင်း (၂၈.၂.၂၀၁၈ နှင့် ၁.၃.၂၀၁၈)ရက်တွင် သင်တန်းပိတ် မည်ဖြစ်သည်။

စာရင်းပေးသွင်းရန် ဆက်သွယ်ရမည့်ပုဂ္ဂိုလ်နှင့် ဖုန်းနံပါတ်များ
ခွန်ဇော် - 09428349507
ခွန်ဗိုလ်ကျော် - 09400512747
Facebook Comments

by

Tags:

USAMyanmar