Democracy for Ethnic Minorities Organization

Vision

Mission

Goal


တိုင်းရင်းသားလူနည်းစုများ ဒီမိုကရေစီအဖွဲ့၏ သမိုင်းအကျဉ်း

တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ (DEMO)ကို ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ တွင် စတင်တည်ထောင်ခဲ့သည်။ ဒီမိုအဖွဲ့သည် လွတ်လပ်သော အရပ်ဖက်လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ တိုင်းရင်းသား ပြည်သူလူထုများကို ဒီမိုကရေစီနှင့် လူအခွင့်အရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ပေးခြင်း၊ ဒေသတွင်း လူအခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းပြုစုခြင်းနှင့် အရေးဆိုတင်ပြခြင်း၊ သတင်းအခက်အလက်များကို ဖြန့်ဝေပေးခြင်းတို့ဖြင့် တရားမျှတသော လူ့အသိုင်းအဝန်းဖြစ်လာစေရန်နှင့် လူသားများ၏ ဂုဏ်သိက္ခာနှင့် အခြေခံအခွင့်အရေးများ ပိုမိုတိုးတက်လာစေရန် လုပ်ဆောင် လျက်ရှိပါသည်။

DEMO အဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တိုင်းရင်းသားလူမျိုးစုများအတွက် ပြည်သူ့နီတိ၊ ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ သင်တန်းပေးခြင်း၊ လူငယ် ခေါင်းဆောင်မှု စွမ်းရည်မြှင့်သင်တန်းများ ငြိမ်းချမ်းရေးနှင့် လူမှုပေါင်းစည်း ညီညွှတ်ခြင်း သင်တန်းများ၊ နွေရာသီလူငယ်စခန်းသွင်း သင်တန်း များနှင့် သတင်း အချက်အလက်များ လက်လှမ်းမှီရရှိရေးလုပ်ငန်းများကို လုပ်ဆောင် ပေးခဲ့ပါသည်။ လူ့အခွင့်အရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်များနှင့် လစဉ် သတင်းဂျာနယ်စာစောင်များကိုလည်း ထုတ်ဝေဖြန့်ချိ လျက်ရှိသည်။ ထို့အပြင် တိုင်းရင်းသားလူမျိုးစုများ၏ ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ လျော့နည်းလာပြီး လုံခြုံအေးချမ်းသော လူနေမှုဘဝ တိုးတက်လာစေရန် အဓိကလုပ်ဆောင်ပေးလျက်ရှိသည်။

Injustice anywhere is a threat to Justice everywhere.

Martin Luther King Jr.
USAMyanmar