Community Leadership and Social Justice သင်တန်း
Community Leadership and Social Justice သင်တန်းရက်(၄၀)ပြီးတာနဲ့ မနားမနေ ရွာဆင်းပြီး သင်တန်းသားတွေနဲ့အတူ သင်တန်းတွေပေးခဲ့ကြပါတယ်။ သင်တန်းသားတွေလည်း သင်ကြားထားတဲ့ပညာတွေ ရရှိထားတဲ့အတွေ့အကြုံတွေကို တစ်ကယ်လက်တွေ့အသုံးချခဲ့တယ်။ လိုအပ်ချက်တွေတော့အများကြီးရှိနေပါသေးတယ် သို့သော်လည်း ဆက်ပြီးလုပ်ဖို့ပဲလိုပါတယ်။ ကျနော်တို့တွေ သင်ယူလေ့လာမှုကိုမရပ်တန့်သွားပဲ ဆက်ပြီးသင်ယူမယ် လက်တွေ့အသုံးချမယ် ပြန်လည်မျှဝေမှုတွေလုပ်ဆောင်နေကြပါတယ်။ ဒီနေ့မှလဲ လွယ်အွန်ရွာက လူငယ်(၃၃)ယောက်ကို ခေါင်းဆောင်မှုစွမ်းရည်၊ ဒီမိုကရေစီတို့ကို ဆွေးနွေးသင်ကြားပေးခဲ့ကြပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ဂိမ်းလေးတွေလည်းဆော့ကြပါတယ် အပြန်အလှန်ရင်းနှီးမှုတွေ ယုံကြည့်မှုတွေရခဲ့ကြပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ စီစဉ်ပေးသူတွေအားလုံး ကျေးဇူးအထူးတင်ပါတယ်။ @ လွယ်အွန်ရွာ၊ ဟိုပုံးမြို့# DEMO19.8.2019 to 21.8.2019
ငြိမ်းချမ်းရေးနှင့် လူမှုပေါင်းစည်းညီညွတ်ခြင်း လူငယ်စခန်းသွင်းသင်တန်း
ဒီမိုအဖွဲ့သည် ငြိမ်းချမ်းရေးနှင့် လူမှုပေါင်းစည်းညီညွတ်ခြင်း လူငယ်စခန်းသွင်းသင်တန်းကို ရက်ပေါင်း(၄၅)ရက်ကြာ ပြုလုပ်လျက်ရှိပါသည်။ ထိုသင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးစုများမှ လူငယ်(၂၉)ဦး တက်ရောက်လျက်ရှိပါသည်။ စခန်းသွင်းသင်တန်းကို တက်ရောက်လာကြသော ဒေသအသီးသီးမှ တိုင်းရင်းသားလူမျိုးစု လူငယ်များနှင့် ဒီမိုအဖွဲ့မှဝန်ထမ်းများသည် (၁၈.၁၂.၂၀၁၉)ရက်နေ့တွင် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့)ကို သွားရောက်လေ့လာခဲ့ကြသည်။ လေ့လာခွင့်ရသည့်အတွက် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်အတွင်း ဝန်ထမ်းများအားလုံးကို ဒီမိုအဖွဲ့မှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ရှမ်းတောင်လူငယ်များအတွက် Summer Youth Camp (Batch 2) သင်တန်းသားများ ဖိတ်ခေါ်ခြင်း
ရှမ်းတောင်လူငယ်များအတွက် Summer Youth Camp (Batch 1) သင်တန်းသားများ ဖိတ်ခေါ်ခြင်း
D-TOP-K Family ချစ်ကြည်ရင်းနှီးမှုဖလားကျင်းပ
တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့နှင့် ရှမ်းတောင်၏ဒေသတွင်း မိတ်ဖက်အဖွဲ့များ၏ ဒီဇင်ဘာအားကစား D-TOP-K Family ချစ်ကြည်ရင်းနှီးမှုဖလားကို ၂၉ ဒီဇင်ဘာ ၂၀၁၇ ရက်နေ့မှ ၃ ဇန်နဝါရီ ၂၀၁၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ ဤချစ်ကြည်ရင်းနှီးမှုဖလားတွင် ပါဝင်သည့် အဖွဲ့များမှာ –D – Democracy for Ethnic Minorities OrganizationT – Taunggyi Youth CenterO – Our Lovely WorldP – Pa-O Youth OrganizationK – Kaung Rwai Social Justice and Development တို့ဖြစ်ပြီး ရှမ်းတောင်ဒေသ၍ အနာဂါတ် လူမှုတရားမျှတရေး နှင့် ဖွံ့ဖြိုးရေး၊ လူငယ်များစွမ်းရည်မြင့်တင်ရေးစသည့် ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုပိုမိုအားကောင်းလာစေရန်ရည်ရွယ်၍ […]