Search
Close this search box.

ဖက်ဒရယ်ဆိုတာ ဘာလဲ ၊ ဘာ့ကြောင့်လဲ

“ဖက်ဒရယ်လို့ ပြောရင် အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေရေးနဲ့ အခွန်ဘဏ္ဍာခွဲဝေရေးကိစ္စရပ်တွေကို ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေအကြား ခွဲဝေသုံးစွဲတဲ့ နိုင်ငံရေးစနစ်တစ်ခုလို့ နားလည်နိုင်ပါတယ်။”

ရန်သူ – မိတ်ဆွေ အမြင် 

“ထာဝရရန်သူ ထာဝရ မိတ်ဆွေဆိုတာ မရှိဘူး ၊ ထာဝရ အကျိုးစီးပွားပဲ ရှိတယ်– ဆိုတဲ့ အယူအဆရှိပါတယ်။ တကယ်တော့ ဒါဟာ လက်တွေ့နိုင်ငံရေးကို ပကတိအားဖြင့် ထင်ဟပ်နေပါတယ်။”

ဒီမိုကရေစီ အခြေခံ သင်ပုန်းကြီး (၂)

“ဒီမိုကရေစီစနစ်မှာ အာဏာခွဲဝေကျင့်သုံးခြင်းဟာ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ မဏ္ဍိုင် တစ်ရပ်နဲ့ တစ်ရပ် ထိန်းကျောင်းမောင်းနှင်ရင်း လူ့အဖွဲ့အစည်း ကောင်းကျိုးတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်ကြဖို့ ဖြစ်ပါတယ်။”

ဒီမိုကရေစီ အခြေခံ သင်ပုန်းကြီး (၁)

“လူထုရဲ့ လွတ်လပ်ခွင့်ကို အာမခံချက်ပေးထားတဲ့ အသိုင်းအဝိုင်းဆိုတာ ဒီမိုကရေစီ စံတန်ဖိုးတွေကို လေးစားလိုက်နာတဲ့ လူ့အသိုင်းအဝိုင်းမှာပဲ ကောင်းစွာဖြစ်ထွန်းတယ်။”

ပအိုဝ်းဘာသာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းနှင့် လူ့အခွင့်အရေးဆိုင်ရာ တိုင်ကြားနိုင်သည့်နည်းလမ်း

လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် တိုင်းကြားနိုင်မှုနည်းလမ်းများဆိုင်ရာ ရုပ်ပြစာအုပ်ကိုထုတ်ဝေဖြန့်ချိရခြင်း၏ ရည်ရွယ်ချက်မှာ ဒေသခံပြည်သူလူထုများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) ကို သိရှိလာပြီး ၎င်းတို့၏ အခွင့်အရေးများ ချိုးဖောက်ခံရပါက ပြန်လည်ရယူနိုင်ရန်အတွက် တိုင်ကြားနိုင်မှုနည်းလမ်းများကို ကောင်းစွာသိရှိလာစေရန်၊ လူ့ဂုဏ်သိက္ခာ ပြည့်ဝစွာနှင့် ငြိမ်းချမ်းစွာနေထိုင်နိုင်ရန် ရည်ရွယ်ပါသည်။ ထိုမှတဆင့် မတူကွဲပြားသည့်တိုင်းရင်းသားလူမျိုးစုများ အတူတကွယှဉ်တွဲနေထိုင်ရာဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ လျှော့ကျလာစေရန် ရည်ရွယ်ပါသည်။

ဆီဆိုင်မြို့နယ် တပ်သိမ်းမြေကိစ္စအပေါ် ပအိုဝ်းအရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် မိတ်ဖက် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ သဘောထား ထုတ်ပြန်ချက်

၂ဝ၂ဝခုနှစ် ဇွန်လ (၃) ရက် Statement on Land Confiscation and Human Rights Violation by Military (Tatmadaw) in HsiHseng, Shan State.——– x ——–

ငြိမ်းချမ်းရေးနှင့် လူမှုပေါင်းစည်းညီညွတ်ခြင်း လူငယ်စခန်းသွင်းသင်တန်း

ဒီမိုအဖွဲ့သည် ငြိမ်းချမ်းရေးနှင့် လူမှုပေါင်းစည်းညီညွတ်ခြင်း လူငယ်စခန်းသွင်းသင်တန်းကို ရက်ပေါင်း(၄၅)ရက်ကြာ ပြုလုပ်လျက်ရှိပါသည်။ ထိုသင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးစုများမှ လူငယ်(၂၉)ဦး တက်ရောက်လျက်ရှိပါသည်။ စခန်းသွင်းသင်တန်းကို တက်ရောက်လာကြသော ဒေသအသီးသီးမှ တိုင်းရင်းသားလူမျိုးစု လူငယ်များနှင့် ဒီမိုအဖွဲ့မှဝန်ထမ်းများသည် (၁၈.၁၂.၂၀၁၉)ရက်နေ့တွင် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့)ကို သွားရောက်လေ့လာခဲ့ကြသည်။ လေ့လာခွင့်ရသည့်အတွက် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်အတွင်း ဝန်ထမ်းများအားလုံးကို ဒီမိုအဖွဲ့မှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Community Leadership and Social Justice သင်တန်း

Community Leadership and Social Justice သင်တန်းရက်(၄၀)ပြီးတာနဲ့ မနားမနေ ရွာဆင်းပြီး သင်တန်းသားတွေနဲ့အတူ သင်တန်းတွေပေးခဲ့ကြပါတယ်။ သင်တန်းသားတွေလည်း သင်ကြားထားတဲ့ပညာတွေ ရရှိထားတဲ့အတွေ့အကြုံတွေကို တစ်ကယ်လက်တွေ့အသုံးချခဲ့တယ်။ လိုအပ်ချက်တွေတော့အများကြီးရှိနေပါသေးတယ် သို့သော်လည်း ဆက်ပြီးလုပ်ဖို့ပဲလိုပါတယ်။ ကျနော်တို့တွေ သင်ယူလေ့လာမှုကိုမရပ်တန့်သွားပဲ ဆက်ပြီးသင်ယူမယ် လက်တွေ့အသုံးချမယ် ပြန်လည်မျှဝေမှုတွေလုပ်ဆောင်နေကြပါတယ်။ ဒီနေ့မှလဲ လွယ်အွန်ရွာက လူငယ်(၃၃)ယောက်ကို ခေါင်းဆောင်မှုစွမ်းရည်၊ ဒီမိုကရေစီတို့ကို ဆွေးနွေးသင်ကြားပေးခဲ့ကြပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ဂိမ်းလေးတွေလည်းဆော့ကြပါတယ် အပြန်အလှန်ရင်းနှီးမှုတွေ ယုံကြည့်မှုတွေရခဲ့ကြပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ စီစဉ်ပေးသူတွေအားလုံး ကျေးဇူးအထူးတင်ပါတယ်။ @ လွယ်အွန်ရွာ၊ ဟိုပုံးမြို့# DEMO19.8.2019 to 21.8.2019

ရှမ်းတောင်အစိုးရ၏ ဒေသဖွံ့ဖြိုးရေးစီမံကိန်းအကောင် အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းစဉ်များအား ချဉ်းကပ်လေ့လာခြင်းအစီရင်ခံစာ

ရှမ်းပြည်နယ်အတွင်းရှိ အစိုးရ၏ ဒေသဖွံ့ဖြိုးရေးစီမံကိန်းအကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းစဉ်အား အစိုးရ၊ လူထုနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းပါဝင်သည့် စီမံချက် ၂၀၂၂ ခုနှစ် အစီရင်ခံစာကို အောက်ပါလင့်တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။