Who We Are
တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့ (DEMO)သည် ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်သော လွတ်လပ်ပြီး ပါတီနိုင်ငံရေး မဟုတ်သည့် အရပ်ဘက် လူမှုအဖွဲ့အစည်း ဖြစ်သည်။ DEMO သည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တိုင်းရင်းသားလမျိုးစုများ ရေရှည်တည့်တံ့ပြီး ငြိမ်းချမ်း၍ တရားမျှတသော လူ့ဘောင်အဖွဲ့အစည်းတွင် လူ့ဂုဏ်သိက္ခာပြည့်ဝစွာနှင့် လုံခြုံစွာနေထိုင်နိုင်မှုကို ရှေ့ရှု၍ လူမျိုးစုလူငယ်များအား အသိပညာပေးခြင်းနှင့် စွမ်းရည်မြှင့်တင်မှုများကို လုပ်ဆောင်လျှက်ရှိသည်။ ထို့အပြင် DEMO သည် တိုင်းရင်းသားလူမျိုးစုများအကြား လူမှုသဟဇာတဖြစ်မှုနှင့် လူမှုပေါင်းစည်းညီညွတ်မှုကို မြှင့်တင်ပေးသည့်လုပ်ငန်းများကို အကောင်အထည်ဖော်လျှက်ရှိသည်။
DEMO သည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ လူမျိုးစုများအတွက် ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများပြုလုပ်ခြင်း၊ နိုင်ငံရေးအမြင်ဖွင့်သင်တန်းများ၊ လူငယ် ခေါင်းဆောင်မှု စွမ်းရည်မြှင့်သင်တန်းများ၊ ငြိမ်းချမ်းရေးနှင့် လူမှုပေါင်းစည်း ညီညွှတ်ခြင်း သင်တန်းများ၊ နွေရာသီလူငယ်စခန်းသွင်း သင်တန်းများနှင့် မှန်ကန်သောသတင်း အချက်အလက်များ လက်လှမ်းမှီရရှိရေးလုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိသည်။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို စောင့်ကြည့်လေ့လာခြင်းနှင့် အစီရင်ခံစာများ ရေးသားပြုစုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာမှုများ အသိပညာပေးမှုများ ကို ရည်ရွယ်ချက်တူ၊ မဟာဗျူဟာထပ်တူကျသော မဟာမိတ်အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းလုပ်ဆောင်လျှက်ရှိသည်။ လူမျိုးစုဒေသများရှိ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ လျော့နည်းလာပြီး လုံခြုံအေးချမ်းသော လူနေမှုဘဝ တိုးတက်လာစေရန် ရည်ရွယ်၍ လုပ်ဆောင်လျက်ရှိသည်။
VIsion
Ethnic nationalities live together in sustainable and peaceful communities with great dignity and safety.
Mission
DEMO is an organization that practices the principles of justice, non-discrimination, and respect for diversity, impartiality, non-alignment policy, and independence and promotes human dignity and basic rights.
Goal
To reduce human rights violations and promote safe and peaceful lives in ethnic regions.